Jul 29, 2012

အင်တာနက်သုံးပြီး FREE message ပို့ကြရအောင်

FREE SMS ပို့နည်းလေးပါ...
 FREE လို့ရေးလိုက်တော့အားလုံးလည်းစိတ်ဝင်စားသွားမယ်လို့လဲထင်ပါတယ်။ ပိုက်ဆံသက်သာမဲ့အလုပ်ဆိုကျွန်တော်ကိုယ်တိုင်ကလည်းနှစ်သက်လို့ပါ။ ဒီနည်းလေးကိုကျွန်တော်ကိုယ်တိုင်လည်းစမ်းသပ်ကြည့်ပြီးပါပြီ။ very funny လေးပါ။အဆင်ပြေပါတယ်။ မြန်မာနိုင်ငံဆီကိုလည်းပို့ကြည့်တော့လည်းဆင်ပြေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကနေတော့နိုင်ငံခြားကိုတော့မပို့ဘူးပါဘူး။ ကျွန်တော်စမ်းသပ်ကြည့်ပေးပါမယ်။ ခုတော့ တခြားရပ်ဝေးနိုင်ငံခြားတွင်ရောက်ရှိနေသောမိတ်ဆွေများနေဖြင့် မိ၂မြန်မာနိုင်ငံရှိ ဆွေမျိုးမိသားစုများအား အင်တာနက်လိုင်းရှိရုံနှင့် phone ထဲသို့ ဖရီးမတ်ဆေ့ အလွယ်ပို့နည်းလေးတင်ပြလိုက်ပါတယ်။

အရင်ဆုံး ဒီလင့် လေးကိုသွားပါ။
ဆက်လက်၍ပုံတွင်ပြထားသည့်တိုင်းအဆင့်၂သွားကြည့်ပါ။
ပြီးလျှင် message has been sent successfully! ဆိုသော စားသားကြလာပါလိမ့်မည်။ မိတ်ဆွေစမ်းကြည့်၂ပါ။
အဆင်ပြေကြပါစေလို့ဆုတောင်းလျှက်.......
                                                                                                                                     ပြုစုသူ- ပြည့်ဖြိုးဦး
 

ကြက်သွန်ဖြူ၏ အံ့အားသင့်ဖွယ်ရာ အစွမ်းသတ္တိများ

ကြက်သွန်ဖြူ၏ အံ့အားသင့်ဖွယ်ရာ အစွမ်းသတ္တိများ 

ကက်သွန်ဖြူဟာ နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးရှိကြောင်းတော့ သိပြီးကြမှာပါ။ ဒါ့အပြင် တခြားအစွမ်းသတ္တိတွေလည်း ရှိပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်မှု သက်သာစေခြင်း---
ခရမ်ဘယ်ရီဖျော်ရည်ကသာ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတာ မဟုတ်ပါဘူး။ ကြက်သွန်ဖြူပါဝင်တဲ့ အစားအစာဟာလည်း သဘာဝပိုးသေစေတဲ့ အာနိသင်ရှိတဲ့အတွက် ဆီးလမ်းကြောင်း ကျန်းမာစေပါတယ်။

ကင်ဆာရောဂါ သက်သာစေခြင်း---
အမေရိကန် ကင်ဆာသုတေသနဌာနရဲ့ အာဟာရပညာရှင်တွေက ကြက်သွန်ဖြူအစိမ်းကို ကြိတ်ခြေပြီး ဒါမှမဟုတ် နုပ်နုပ်စဉ်းပြီး ၁၀-မိနစ်လောက်ထားတာဟာ ချက်ပြုတ်ကြော်လှော်ထားတဲ့ ကြက်သွန်ဖြူထက် ကင်ဆာတိုက်ဖျက်ပေးတဲ့ ဆာလဖာဒြပ်ပေါင်းကို သုံးပုံလောက် ပိုထွက်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို လှီးပြီး အရွက်သုပ်ထဲ ထည့်စားပါ။

အရွယ်တင် ရုပ်နုပျိုစေခြင်း---
ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Allicin ဓာတ်ဟာ သွေးထဲက အင်တီအောက်စီးဒင့် အင်ဇိုင်းတွေကို များပြားစေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် ရရှိလာတဲ့ နီကိုတင်းရဲ့ မကောင်းတဲ့ အာနိသင်ကိုရော၊ အိုမင်းစေတဲ့ဖြစ်စဉ်ကိုပါ လျော့ပါးစေပါတယ်။
အအေးမိရောဂါ သက်သာစေခြင်း---
နှာစေးခြင်း၊ နှာပိတ်ခြင်းလို အအေးမိရောဂါရဲ့ အစပျိုးလက္ခဏာတွေ ခံစားရတဲ့အခါမှာ ကြက်သွန်ဖြူကို အသုံးပြုနိုင်ပါတယ်။ အခွံမခွာရသေးတဲ့ ကြက်သွန်ဖြူနှစ်မြွာကို ၂၅-စက္ကန့်လောက် မိုက်ခရိုဝေ့ဖ် မီးဖိုထဲ ထည့်ပြီး အအေးခံပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီး စားပါ။ ကြက်သွန်ဖြူထဲက ဆာလဖာဒြပ်ပေါင်းဟာ ခုခံအားစနစ်ကို ကောင်းစေပြီး ကူးစက်ပိုးဝင်မှုကို တွန်းလှန်နိုင်ပါတယ်။

ခြေထောက်ယားယံမှု ကင်းဝေးစေခြင်း---
ကြက်သွန်ဖြူမှာ အစွမ်းထက်တဲ့ ဖန်းဂပ်စ်မှို သေစေတဲ့ အာနိသင်ရှိပါတယ်။ ကြက်သွန်ဖြူကို ရေနွေးထဲ ထည့်ပြုတ်ပြီး အအေးခံကာ ရေဇလုံကြီးကြီး တလုံးထဲထည့်ပါ။ အဲဒီအရည်ထဲ ခြေထောက်စိမ်ပေးရင် ခြေထောက်ယားယံတာ သက်သာစေပါတယ်။ 

ကြယ်စင်
(Good Health 3-17-10)

 

ငှက်ပျောသီးအကြောင်းလေးပါ

ငှက်ပျောသီးအကြောင်းလေးပါ



ဂျပန်သိပ္ပံပညာရှင်တွေလေ့လာမှုအရ ငှက်ပျောသီးအခွံမှာ ဒီလို အမဲရောင်အစက်လေးတွေရှိနေရင် အဲဒီငှက်ပျောခွံကနေ TNF (Tumor Necrosis Factor ) တွေကို ထုတ်လုပ်တယ်လို့ဆိုတယ် ။ အဲဒီ TNF တွေက မူမမှန်တဲ့ဆဲလ်တွေကို တိုက်ထုတ်နိုင်တယ်။ အမည်းစက်တွေပိုများလာလေလေ သူ့မှာ ကိုယ်ခံစွမ်းအားတက်စေဖို့ အခွင့်အလမ်းများလေလေဖြစ်တယ် ။ ဒါကြောင့်ပိုပြီး မှည့်နေတဲ့ ငှက်ပျောသီးတွေဟာ ကင်ဆာတိုက်ထုတ်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ ပြောကြတယ် ။

အမည်းစက်ပါတဲ့အ၀ါရောင်အခွံနဲ့ငှက်ပျောသီးဟာ အစိမ်းရောင်အခွံနဲ့ငှက်ပျောသီးထက် သွေးဖြူဥဆဲလ်တွေကို ပိုမိုအစွမ်းထက်စေတဲ့အခွင့်အရေး ၈ ဆရှိပါတယ် ။ ဒါကြောင့် သင့်ကိုယ်ခံအားတက်စေဖို့ တစ်နေ့ကို ငှက်ပျောသီး တစ်လုံး သို့ နှစ်လုံးခန့်စားသုံးပေးပါ


 ဆေးဖက်ဝင် ငှက်ပျောသီး
ငှက်ပျောသီးတွင် သဘာဝအချိုဓာတ် ၃-မျိုး ပါဝင်သည်။ ယင်းတို့မှာ စူးကရို့စ်၊ ဖရပ်တို့စ်နှင့် ဂလူးကို့စ်တို့ ဖြစ်ကြလျက် ဖိုက်ဘာခေါ် အမျှင်ဓာတ်များလည်း ရောနှောပါဝင်သည်။ ငှက်ပျောသီးသည် ရုတ်ချည်း အားအင်တိုးမြှင့်သွားစေ၍ အားအင်ကိုလည်း ကြာရှည်ထိန်းထားနိုင်စွမ်း ရှိပေသည်။

သုတေသန စမ်းသပ်တွေ့ရှိချက်အရ ငှက်ပျောသီးနှစ်လုံးသည် အင်အားများစွာလိုအပ်သော မိနစ်ကိုးဆယ်ကြာ လေ့ကျင့်ခန်းကို မနားတမ်း လုပ်နိုင်ပြီး အင်အားအပြည့်အ၀ပေးနိုင်သည်ဟု သက်သေခိုင်လုံစွာ ပြနိုင်ခဲ့သည်။ အင်အားပြည့်ဖြိုး ကျန်းမာသန်စွမ်းစေရုံမက မဖျားမနာစေရန်လည်း တားဆီးကာကွယ်ပေးသည်။
ငှက်ပျောသီးတွင် ဗီတာမင် B, B6, B12, ပရိုတိန်းဓာတ်၊ သံဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ အမျှင်ဓာတ်၊ မက်ကနက်စီယမ်ဓာတ်နှင့် အခြားဗီတာမင်များ များစွာပါဝင်သည်။
 အင်္ဂလန်ပြည်သစ် ဆေးပညာဂျာနယ်၏ တင်ပြချက်အရ ငှက်ပျောသီးကို ဓာတ်စာအဖြစ် အမြဲစားသုံးသူသည် လေဖြတ်ရောဂါဖြစ်မည့်ဘေးမှ ၄၀-ရာခိုင်နှုန်းထိ လျှော့ကျစေနိုင်သည်ဟု ဖော်ပြထားသည်။ 

အမျှင်ဓာတ်များစွာ ပါဝင်သဖြင့် အစာကြေလွယ်ပြီး ၀မ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးသည်။ ထို့အပြင် စိတ်ကျရောဂါ၊ သွေးအားနည်းရောဂါ၊ သွေးတိုးရောဂါ၊ မက်ခရုနာ၊ အရက်နာကျခြင်း၊ ရင်ပူရင်ဆာဖြစ်ခြင်း၊ လေဖြတ်ခြင်းနှင့် အခြားရောဂါများကိုလည်း ကာကွယ်ပေးသည်။

ဆေးဖက်ဝင် ငှက်ပျောသီး(ဒေါက်တာသိမ်း) မှ မျှဝေခြင်းဖြစ်ပါသည်။ 
 
ငှက်ပျောသီးမှာ Resistant starch ဆိုတဲ့ (ကလိုရီ) အစား လျှော့စေတာ သာမက (စပါယ်ရှယ်) ကျတာလည်း ရှိသေးသတဲ့။ သူ့ကို အူမကြီးထဲမှာ ကစော်ပေါက်သလို ဖြစ်သွားရင် တခြား (ဖိုင်ဗာ) ပါတဲ့ အစားတွေထက် Butyrate ဆိုတာကို ပိုထုတ်ပေးတယ်။ ဒါကနေ ဟော်မုန်းတမျိုး ဖြစ်စေအောင် လုပ်ပေးတယ်။ Satiety hormones က စားချင်နေတယ်-စားလို့ဝပြီ ဆိုတာ ဖြစ်စေပါတယ်။ သူ့လိုဘဲ ပြောင်းကနေရတဲ့ Hi-maize resistant starch စားရင် ၂၄ နာရီအတွင်းမှာ (ကယ်လိုရီ) ၁ဝ% လောက် လျှော့စားသတဲ့။ ဘာလီစေ့ကနေ ရတာကလဲ အဲလို သဘောရှိတယ်၊ နောက်နေ့မှာ ခါတိုင်းလောက် မဆာဘူးတဲ့။

ဒါပေမဲ့ အခု (ယူအက်စ်-အိုးပင်း-တင်းနစ်) ဖိုင်နယ်နေ့ ရောက်ပြီ။ တင်းနစ် ကစားသူတွေ ငှက်ပျေားသီး တကိုက်စား၊ နားတာ တွေ့ဘူးကြပါလိမ့်မယ်။ ကိုယ်တွေ့ ပြောရရင် တင်းနစ် ကစားရင် ငှက်ပျောသီးစားတဲ့နေ့ Hypoglycemia ရလို့ သကြားဓါတ် နည်းပြီး ဆက်မကစားနိုင်ပါ။ တခါမကပါ၊ အခါခါ အဲလိုသာဖြစ်တယ်။

Banana Diets ကို ဆန်းစစ်ရအောင်။ အာဟာရ-ဥပဒေသ Food Rules အရ မနက်စောစောစာ ငှက်ပျောသီး ၁ လုံးစားပါ။ ၁ လုံးမကဖြစ်ဖြစ် တခြား အသီးဖြစ်ဖြစ်လည်း စားလို့ရတယ်။ ၁၅-၃ဝ မိနစ် စောင့်ပြီး၊ ဆာသေးရင် တခုခုစားလို့ ရပါတယ်။ နေ့စာ-ညစာ ကြိုက်ရာမှာစား၊ အချိုပွဲသာ မပါနဲ့။ အခန်းအပူချိန်ရှိ ရေသာသောက်၊ ဝိုင်-ဘီယာ ဘာမှ မသောက်ပါနဲ့။

Other Rules ထပ်ဆောင်းဥပဒေ၊ ညကိုတော့ သန်းခေါင်ထက် ညဥ့်မနက်စေနဲ့။ ညစာကျေချက်အောင် လိုတဲ့ ၄ နာရီထက် ပိုရင် ပြန်ဆာလာမှာ စိုးလို့။ လေ့ကျင့်ခန်းတောင် လုပ်မနေနဲ့။ အဲ့ နေ့တိုင်း နဲနဲ လမ်းလျှောက်တာတော့ ကောင်းတယ်။

CBS News မှာ အာဟာရကျွမ်းကျင်သူ Kerri Glassman ကနေ Morning Banana Diet ဆိုတာ Fad diet ပါလို့ ပြောချ လိုက်တယ်။ သူပြောချင်တာက ဒါမှ ဒါလို့ ပြောပြီး တခုထဲ အပေါ်သာ ဦးစေားပေးတဲ့ (ပေါ်ပြူလာ) ဝိတ်ချနည်းဘဲတဲ့။ ရေရှည်မှာ မှေးမှိန်သွားလိမ့်မယ်တဲ့။ သေခြာတာက ငှက်ပျောသီးမှာ ဖိုင်ဗာ ပါတယ်။ ပိုတက်ဆီယမ် ပါတယ်။ ပရိုတင်း ပါတယ်။ ဒါတွေက အင်မတန် ကောင်းတယ်။ ဒါပေမဲ့ တခြား Grapefruit fad diet နဲ့ Cabbage Soup diet တွေလို အတူတူဘဲ မျက်လှည့်လို တမဟုတ်ခြင်း ပြောင်းသွား-ကောင်းသွားမှာ မဟုတ်ဘူးလို့ အမျိုးသမီးက ဆိုပါတယ်။

ဒါ့ပြင် တကယ်လို့ ငှက်ပျောသီးလေး ၁ လုံးစားပြီး၊ Pizza တို့ Fries တို့ ကြိုက်တာ စားမဲ့သူတွေအတွက်က Disaster ဒုက္ခ အကြီးအကျယ် ကျရောက်စေနိုင်ပါသတဲ့။

ရုပ်ရှင်မင်းသမီး ဒီနည်းနဲ့ ၂၆ ပေါင် ကျသွားလို့ ဂျပန်မှာ နာမည်ကြီးသွားရတာ ဖြစ်နိုင်ပါတယ်။ ဂျပန်မလေးတွေ လိုက် အတုခိုးကြတယ်။ ခေတ်မီပြီး Trendy ဖြစ်တာကိုး။ ၃၇ ပေါင်ကျသွားတဲ့ Watanabe အကြောင်းကို ရေးပေးတဲ့ Mixi (ဆိုရှယ်-နက်တ်-ဝပ်ခ်) ကျေးဇူးလို့လည်း ပြောနိုင်ပါတယ်။ ဆရာတို့ခေတ်က Trend တွေ အတော် အောက်သွားပြီ မဟုတ်လား။

Dr. တင့်ဆွေ မှပြန်လည်ဖော်ပြပေးပါသည်။
မှတ်ချက်။     ။ယခုဒီ post လေးကတော့ငှက်ပျောသီးနှင့်သက်ဆိုင်သောဗဟုသုတမှန်သမျှကို ရှာဖွေပြီးတစုတစီးတည်းတင်ပေးလိုက်ခြင်းဖြစ်ပါသည်။ စာဖတ်သူမိတ်ဆွေများအနေဖြင့်လည်းထပ်မံသီးသန့်ရှာဖွေရန်မလိုပဲ ကျွန်တော်blogတွင်တခါတည်းဖတ်နိုင်ရန်ရည်ရွယ်၍တင်ပေးခြင်းဖြစ်ပါသည်။ မိ၂ကိုယ်ပိုင်စာသားများတခုမျှမပါပါ။

Jul 27, 2012

နွေရာသီတွင်ရေခဲရေသောက်သုံးသူမိတ်ဆွေများအတွက်

ရေခဲရေ သို့မဟုတ် အဆိပ် သောက်နေကြသူများ
ရာသီဥတု ပူပြင်းသဖြင့် ပြင်ပသို့ လုံးဝမထွက်ဘဲ အိမ်ထဲမှာနေရင်း ရေခဲရေကို Water Cooler စက်မှယူပြီး တစ်စွက်စွက်နဲ့ သောက်လေ့ရှိသော မိသားစုတစ်စု ရှိသည်။ သူတို့တစ်အိမ်လုံး မိတ်အိုင်းခေါ် မိတ်ဖု အပြင်လိုက် ထွက်ပြီး နီရဲနေသည်ကို တွေ့ရသည်။ ၂ နှစ် ၃ နှစ် အရွယ်ကလေးများမှာ ရေခဲရေ သောက်ပြီး ခေါင်းတွင် အပူဖုကြီးများ ထွက်ပြီး အချို့အဖုကြီးများမှာ ပြည်တည်ပြီး အနာကဲ့သို့ ဖြစ်နေသည်။

ရေခဲရေကို လေဖြင့် မှုတ်ပေးနေသည့် ပန်ကာ တစ်မျိုး Air Cooler ဝယ်ပြီး အသုံးပြုနေသူများမှာ မျက်နှာများ ရောင်အမ်းခြင်း၊ အရေပြားထူပြီး ယားနာများ ထွက်ခြင်းတို့ ဖြစ်ကြောင်း သတိထားမိလာသဖြင့် လေမှုတ်ပန်ကာထဲသို့ ရေခဲရေမထည့်ဝံ့ကြတော့ဘဲ သာမာန် ရိုးရိုးရေကိုသာ ထည့်သုံးစွဲနေရကြောင်း သုံးစွဲသူ မိတ်ဆွေတစ်ဦးက ပြောပြသဖြင့် သိရလေသည်။

ရေခဲချောင်း ရေခဲထုပ် အစားများသည့် ကလေးများမှာ အပူကန်ခြင်း၊ မျက်နှာနှင့် မျက်ခွံများပေါ်တွင် မိတ်ဖုကြီးများနှင့် အနာဖုများ ထွက်ခြင်း၊ အစာမကြေခြင်း၊ အာသီးရောင်ခြင်းများအပြင် အချို့မှာ ရေခဲမသန့်သဖြင့် ဝမ်းကိုက်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ကြောင်း သိရသည်။
လျှာနှင့် အာခေါင်များတွင် အနာခွက် ချိုင့်ငယ်လေးများ ပေါက်ပြီး အစပ် မစားနိုင်သူများ ဆေးခန်းလာပြသည်ကို တွေ့ရဖူးသည်။ လျှာဘေးမှာ အနာဖုလေး ထွက်လာသောအခါ သွားဖုံး၊ အံသွားတို့နှင့် ပွတ်တိုက်မိပြီး အနာ ဖြစ်လာသည်။ ထိုအနာမှာ အစက်ကလေးမှ ကျယ်ပြန့်သွားသောအခါ ချိုင့်ခွက်ကဲ့သို့ ဖြစ်သည်။အစာနှင့် အချဉ်အစပ်တို့ ထိတွေ့လျှင် မခံနိုင်ဖြစ်သည်။ စိတ်ပင်ပန်းသူ၊ သောကများသူ၊ စာမေးပွဲနီးချိန် ကျောင်းသား၊ ကျောင်းသူများတွင် ဤပါးစပ်နာများ တွေ့ရသဖြင့် ဆရာဝန်ကြီးများက Stress Ulcer ဟု ခေါ်ကြသည်။
တိုင်းရင်းဆေးနှင့် ရိုးရာဆေးပညာ အယူအဆ ရှုထောင့်မှ ကြည့်လျှင် ထိုအနာများသည် အပူကန်အနာများ ဖြစ်သည်။ ဝမ်းထဲမှ အစာအိမ်ထဲမှ အပူများ အထက်သို့ ကန်တက်ပြီး ခံတွင်းနှင့် လျှာအာခေါင်၊ သွားဖုံးတို့တွင် အနာစက်များ ထွက်လာခြင်း ဖြစ်သည်။
မိတ်ဆွေတစ်ဦးက သူ၏ လျှာနှင့်သွားဖုံးတွင် မကြာခဏ အပူကန်နာများ ထွက်ပြီး မစားနိုင်၊ မသောက်နိုင် ဖြစ်ရကြောင်း ပြောသည်။ ထိုသူ၏ အလေ့အကျင့်ကို ကြည့်သောအခါ ထမင်းစားလျှင် ရေခဲရေပုလင်းနှင့် ရေခွက်ကို ဘေးမှာ ချထားသည်။ ထမင်းစားပြီးလျှင် ရေခဲရေနှစ်ခွက်ခန့် အဝသောက်ချသည်။ဤအကျင့်ကြောင့် သူ့လျှာမှာ အပူကန်နာများ မပြတ် ထွက်နေခြင်း ဖြစ်နိုင်သည်။
ထမင်းစားပြီး ရေခဲမုန့် စားကြသူများကို စားသောက်ဆိုင်ကြီးများတွင် တွေ့ရဖူးသည်။ အချို့ဆိုင်က စားသောက်သူများကို ကုန်ကျငွေ Bill ရှင်းချိန်တွင် အချိုပွဲအဖြစ် ရေခဲမုန့်ခွက်များ လာချပေးသည်။ အချို့အလှူများတွင်လည်း ထမင်းသို့မဟုတ် ဒံပေါက်၊ ကြက်ဆီထမင်း စသည် ကျွေးမွေးဧည့်ခံပြီးနောက် အချိုပွဲဝိုင်းသို့ ထပ်မံကြွရောက်ရန် ဖိတ်ခေါ်ပြီး အချိုပွဲများနှင့် ရေခဲမုန့် ကျွေးသည်ကို တွေ့ရဖူးသည်။ ရေခဲမုန့်အပြင် ရေခဲရေပါ, ပါသည့် အလှူများလည်း တွေ့ဖူးသည်။


Jul 24, 2012

ပျော်ရွှင်သူများ၏ လျှို့ဝှက်ချက်


တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင် နေသူ တစ်ယောက် မှ မရှိကြပါဘူး။ ဒါပေမဲ့ တချို့သူတွေဟာတခြားသူတွေ ထက် ပိုမို ပျော်ရွှင် နေတတ်ကြတာ ဟာ အောက်ပါ အကြောင်းတွေ ကြောင့်ပါ။


၁။ အကောင်းမြင်တတ်ပါတယ်

ပျော်ရွှင်စွာ နေတတ်သူတွေ ဟာ မကောင်းတဲ့ အရာတွေ ဖြစ်ပေါ် လာတာကို လက်ခံ ပေမယ့် မကြာခင်ပြီးဆုံးမယ်လို့ ယုံကြည်တတ် ကြပါတယ်။ အဆိုးမြင် ၀ါဒ ရှိတတ်သူတွေ အနေ နဲ့ တစ်ခုခု မှားရင် အကုန်လုံး မှားမှာပဲ လို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ် ကြပါတယ်။

။ အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ် ထားတတ် ကြပါတယ် 


ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ (Negative) အပေါ်သာ အာရုံစိုက်လေ့ ရှိတတ် ကြပါတယ်။ ချီးကျူး ရမှာက ၁၀ ခု ရရှိပြီး မကျေနပ်တာ တစ်ခု ရှိနေမယ် ဆိုရင် သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ ရှိသလဲ။ ပျော်ရွှင်စွာ နေတတ်သူတွေ ဟာ ချီးကျူး ရမယ့် အကြောင်းအရာတွေကို သာ ကြားမြင် တတ်ကြ ပါတယ်။ အကောင်းမြင်တာကို စတင်ပြီး သတိထား မိရင် သင့်ဆီ အကောင်းတွေ ချည်းပဲ ရောက်လာမှာ လို့ ပိုမြင်မိတတ် ကြပါတယ်။

၃။ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ် 


ပျော်ရွှင်စွာ နေတတ်သူတွေဟာ လွယ်လွယ် ကူကူပဲ ခွင့်လွှတ်တတ် ကြပါတယ်။ လူတွေကို ခွင့်မလွတ်နိုင်တာ ဟာ အဲ့ဒီသူ သေဆုံးဖို့ အထိ မျှော်လင့်နေတာကြောင့် သင့်ကိုယ် သင် အဆိပ်မိ ထားသလို ခံစားရတတ် ကြပါတယ်။ သင်ဟာ ခွင့်လွှတ်ဖို့ ခဲယဉ်းနေရင် မေတ္တာပို့ တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။ သင့်ကိုယ် သင် မေတ္တာပို့ပါ။ ပြီးရင် သင် ချစ်တဲ့သူ၊ သင် နဲ့ သိကျွမ်း ဖူးသူ၊ သင် ခွင့်လွှတ်ရမယ့် သူတွေကို မေတ္တာ ပို့ပါ။ ဥပမာ အားဖြင့် (ခွင့်လွှတ်ရမယ့် သူ နာမည် ထည့်ပါ) ကျန်းမာပါစေ။ ချမ်းသာပါစေ။ အန္တရာယ်ကင်း ပါစေ။ ကြင်နာတတ် ပါစေ အစ ရှိသဖြင့် မေတ္တာပို့ ကြည့်ပါ။ အလိုလို ခွင့်လွှတ်နိုင် သွားပါ လိမ့်မယ်။

၎။မိမိ ၀ါသနာ ပါရာ အလုပ်ကို လုပ်တတ် ကြပါတယ်


ပျော်ရွှင်စွာ နေတတ်သူတွေ ဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိက မထားဘဲ သူတို့ ၀ါသနာပါရာ အလုပ်ကို လုပ်တတ်ကြ ပါတယ်။ 

ကောသလမင်း အိပ်မက် ၁၆ ချက်

မိဘုရားကြီး တိုက်တွန်းချက်အရ ကောသလမင်းကြီး သွားရောက် လျှောက်ထား၍
မြတ်စွာဘုရားသည် အစဉ်အတိုင်း ဖြေကြား နှစ်သိမ့်တော်မူ၏။

(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌
ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု
မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည်
ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ
ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း
ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား
မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင်
အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို
စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊
ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး
သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ
အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍
နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍
လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော
သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊
ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ
အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ
လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။
လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍
နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ
တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို
ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည်
နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို
မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန်
ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည်
အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ
ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ
မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍
အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌
ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား
မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌
လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ
စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌
လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌
လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင်
ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည်
ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို
မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး
အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍
ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော
အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို
မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊
သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ
မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ
လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ
ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ
တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

Jul 23, 2012

ဗုဒ္ဓ၀င်ရုပ်ပြအကျဉ်း

ဗုဒ္ဓ၀င်ရုပ်ပြအကျဉ်း

မဟာသက္ကရာဇ် ၆၈ ခု (၆၂၈ ဘီစီ) ကဆုန်လပြည့် သောကြာနေ့
ဒေဝဒဟပြည်အနီး လုမ္ပိနီဥယျာဉ်တွင် ဘုရားအလောင်း သိဒ္ဓတ္ထကို မယ်တော် မာယာဒေဝီ ဖွားတော်မူစဉ်
(ဘုရားလောင်းသည် ဖွားလျှင်ဖွားခြင်းပင် မတ်တပ်ရပ်ကာ ခြေခုနှစ်လှမ်း လှမ်းတော်မူပြီး
"ငါသည် တစ်လောကလုံးထက် မြတ်၏"
ဟု ကြုံးဝါးတော်မူသည်။ ဘုရားအလောင်းတော်နှင့်အတူ ယသော်ဓရာမင်းသမီး၊ ညီတော် အာနန္ဒာ၊ ကာဠုဒါယီ အမတ်၊ ဆန္ဒအမတ်၊ ကဏ္ဍကမြင်းတော် နှင့် ရွှေအိုးကြီးလေးလုံး စသော ဖွားဘက်တော်ခုနှစ်ဦးပါ ဖွားတော်မူသည်။)
ဖွားမြင်ပြီး ငါးရက်မြောက် ပုဏ္ဏား ခုနှစ်ယောက်အနက်မှ အငယ်ဆုံး ကောဏ္ဍညပုဏ္ဏားမှ သိဒ္ဓတ္ထမင်းသားအား ဘုရားရှင် ဧကန်စင်စစ် ဖြစ်လိမ့်မည်ဟု အလောင်းတော်မင်းသားလေး၏ လက္ခဏာကို ဖတ်ရှုဟောတော်မူစဉ်
သိဒ္ဓတ္ထမင်းသား သက်တော် ၁၆နှစ်သို့ရောက်သောအခါ ယသော်ဓရာဒေဝီနှင့် ထိမ်းမြား၍ နွေ၊ မိုး၊ ဆောင်း သုံးဥတုရာသီတွင် ရာမ္မသုဘသုရာမ္မ ခေါ်သော နန်းသုံးဆောင်၌ မောင်းမမိဿံများနှင့် စံစားစဉ်ဂေါတမနွယ်ဖွားဖြစ်သော သိဒ္ဓတ္ထဂေါတမမင်းသား သက်တော်၂၈တွင် သူအို၊ သူနာ၊ သူသေ နှင့် ရဟန်း စသော နမိတ်ကြီးလေးပါးတွေ့စဉ်သိဒ္ဓတ္ထမင်းသား တောမထွက်မှီ ယသော်ဓရာ နှင့် သားတော် ရာဟုလာကို မြင်တွေ့ရှုမြင်စဉ်

တညင်းသီး နှင့် သူ၏အဆိပ်

တညင်းသီး နှင့် သူ၏အဆိပ်



အဆိပ်တွေနဲ့အသီး

အားလုံးသိကြတဲ့အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။
အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့တညင်းသီးပါ။
တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific
name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ.အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်.တတ်တဲ.အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး
အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ.သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။
တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်.အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်း
ပိုများတယ်လို.ဆိုပါတယ်။

အဆိပ်သင်.ခြင်း

တညင်းသီးအဆိပ်ရဲ. ဖွဲ.စည်းပုံမော်လီကျုးကတော. အပ်ချောင်းပုံလေးတွေကိုပုတီးသီသလို သီထားတဲ.ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ.တစ်ခုအလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင်အသည်းက ပျက်ပြယ်အောင်လုပ်ပေး ပါတယ်။ ကျောက်ကပ်ကတော.ခန္ဓာကိုယ်ကအညစ်အကြေးတွေကို စွန်.ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင်ပါဝင်တဲ.အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ.အခါ
အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို
ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့်
တညင်းသီးမှာပါတဲ. အဆိပ်ကိုတော.ပျက်ပြယ်အောင်
မလုပ်နိုင်ဘူးလို.ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေစွန်.ထုတ်ဖို.ကြိုးစားရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို.တတ်ပါတယ်။
နောက်ပြီးအပ်ချောင်းပုံအဆိပ်မော်လီကျုးတွေကထိုးလို. သွေးကြောလေးတွေပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ.အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံးဝသွားလို.မရဖြစ်လာပါမယ်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို.
တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေများလာပြီး
ဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင်အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက်
ကျောက်ကပ်ပျက်စီးခြင်း (Acuterenal failure) လို.ခေါ်ပါတယ်။ ကျောက်ကပ်သန်.စင်စက် (Renal dialysis) နဲ.အချိန်မီကုသ နိုင်မှသာ အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်

တညင်းသီးမှာပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ.
အဆိပ်မျိုးဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကိုပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင်ပြီးပြည်.၀သွားတဲ.အတွက်အဆိပ်တွေ ထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါတစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ
ရေများများနဲ. ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီတဲ. ရေတွေကိုလည်း သွန်ပစ်ပြီးရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ်တော်တော်လျော.သွားမှာပါ။တညင်းသီးအဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်.ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို.များမီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော. 100%ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။
တညင်းသီးကို ဆားရည်မှာကြာကြာစိမ်ပြီးစာရင်တော. အဆိပ်တွေတော်တော်လေးလျော.နည်းသွားတယ်
လို.ဆိုပါတယ်။
တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ
ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း

တညင်းသီးစားပြီးတဲ.အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine(1978) စသဖြင်.ထုတ်ပြန်ရေးသားထားတာတွေလည်း
ရှိပါတယ်လို.ဆိုတယ်။
ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ.
ဒီလိုအသီးကို တတ်နိုင်သမျှတော့မစားသင့်ဘူးလို့ထင်ပါတယ်။

(ဒေါက်တာ ခင်မောင်လွင်-FAME ၏ ကျန်းမာသုတအစီအစဉ်မှ ကောက်နုတ်၍
အကျဉ်းချုံးဖော်ပြပါသည်။)
မှတ်ချက်။      ။ဝင်းကမ္ဘာကျော် blog မှပြန်လည်မျှဝေထားပါသည်။ တညင်းသီးကြိုက်သောအစ်ကိုအစ်မများလည်းဆင်ခြင်နိုင်အောင်တင်လိုက်တာပါ။ကျွန်တော်လဲ wikipediaမှာရှာပြီးဖတ်ကြည့်တော့ တညင်းသီးမှာပါတဲ့အဆိပ်က ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းကိုအန္တရာပေးပါတယ်။

Jul 22, 2012

ဖလိုရိုက်၏ကောင်းကျိုးနှင့် အပြစ်

ဖလိုရိုက်ဆေး-အကျိုးကျေးဇူးနှင့်အန္တရာယ်များ

ဖလိုရိုက်ဓာတ်ဟာ သွားပိုးစားရောဂါကာကွယ်ပေးတာကိုတွေ့ရှိခဲ့ပြီး၊ အသုံးပြုလာတာ နှစ် ၆၀ကျော်ခဲ့ပါပြီ။
ဖလိုရိုက်ဓာတ်ရဲ့အာနိသင်တွေကတော့...
၁-သွားတွေဖြစ်ထွန်းကြီးထွားနေချိန် (သွားမပေါက်မီ) သာမက၊ ပေါက်ပြီးသားသွားကိုပါ၊ ပိုမာကျောပြီးအက်စစ်စားဒဏ်ခံနိုင်တဲ့ (fluoroapatite) ဓာတ်ဖြစ်ပေါ်စေခြင်း
၂-သွားအပေါ်ယံလွှာမှာ ထုံးဓာတ်ပို့ချမာကျောမှုကိုအားပေးခြင်း
၃-သွားပိုးစားရောဂါဖြစ်စေတဲ့ဘက်တီးရီးယားပိုးမွှားများရဲ့ဇီဝဖြစ်စဉ်မှာ အရေးပါတဲ့ဓာတ်ကူပစ္စည်းအင်ဇိုင်းကို ဟန့်တားပေးခြင်း
တို့ဖြစ်ပါတယ်။

သွားပိုးစားရောဂါဟာ ကမ္ဘာတလွှားလူအများအပြားမှာဖြစ်ပွားတဲ့ပြဿနာဖြစ်တာမို့ အရေးကြီးတဲ့ လူထုကျန်းမာရေးဆိုင်ရာပြဿနာ (public health problem) ဖြစ်နေပြီး၊ ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ်တဲ့ primary prevention လုပ်ရာမှာ ဖလိုရိုက်ဓာတ်ကအရေးပါလှပါတယ်။
သဘာဝသောက်သုံးရေထဲမှာဖလိုရိုက်ဓာတ်ပါလေ့ရှိပေမယ့် ကမ္ဘာ့နေရာဒေသကိုလိုက်ပြီး ပါဝင်တဲ့ပမာဏအနည်းအများကွာပါတယ်။ ရေထဲမှာဖလိုရိုက်ဓာတ်ပါဝင်မှုနည်းပြီး၊ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတချို့မှာ အများသုံးသောက်သုံးရေထဲ ဖလိုရိုက်ဓာတ်ခတ်ပြီး၊ လူအများအပြားကို ဖလိုရိုက်ဓာတ်ရဲ့အာနိသင်ကိုရစေတဲ့ ထိရောက်တဲ့နည်းလမ်းကိုသုံးနေကြပါတယ်။ တချို့လည်း ဖလိုရိုက်ပါတဲ့ရေသန့်ဘူးတွေထုတ်လုပ်တယ်။ ဒီလိုဖလိုရိုက်ဓာတ်ထည့်ထားတဲ့ရေကြောင့်နိုင်ငံပေါင်း၆၀ကျော်က လူသန်းပေါင်းများစွာဟာ၊ သွားပိုးစားရောဂါကာကွယ်တဲ့အကျိုးကျေးဇူးရနေတယ်လို့ အမေရိကန်သွားဘက်ဆိုင်ရာအသင်းကထုတ်ပြန်ထားပါတယ်။ ဖလိုရိုက်ဓာတ်ပါတဲ့ရေသောက်ခြင်းအားဖြင့် သွားပိုးစားရောဂါကို ၆၀%အထိလျော့နည်းစေပါတယ်။

ဖလိုရိုက်ဓာတ်ပါတဲ့ရေသောက်တာအပြင်တခြားနည်းလမ်းတွေနဲ့လည်း ဖလိုရိုက်ဓာတ်နဲ့သွားပိုးစားရောဂါကာကွယ်နိုင်ပါတယ်။
ဖလိုရိုက်ပါတဲ့နွားနို့၊ အစားအစာ၊ ဖလိုရိုက်ဆေးပြားစားသုံးခြင်း၊ ဖလိုရိုက်ဓာတ်ပါတဲ့သွားတိုက်ဆေး၊ ငုံဆေးများသုံးခြင်းနဲ့ ဆေးခန်းမှာ သွားဆရာဝန်က ဖလိုရိုက်ဓာတ်သွားပေါ်သုတ်လိမ်းပေးခြင်းတို့ဖြစ်ပါတယ်။

ဖလိုရိုက်ဓာတ်ဟာလည်းဆေးတမျိုးဖြစ်ပါတယ်။ ဆေးလို့ဆိုလိုက်တိုင်း ကောင်းကျိုးအပြင် side effects လို့ခေါ်တဲ့မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေက အခြေအနေပေါ်လိုက်ပြီးဒွန်တွဲပါနေပါတယ်။
ဖလိုရိုက်ဓာတ်လွန်ကဲခြင်းရဲ့ဆိုးကျိုးအန္တရာယ်တွေကတော့...
၁-အသက်အန္တရာယ် (၅mg/kg body weight ပမာဏကိုယ်ထဲဝင်သွားရင် အသက်အန္တရာယ်ရှိပါတယ်။ )
၂-အရိုးများပျော့စေ၊ ကျိုးလွယ်စေခြင်း
၃-သွားများ fluorosis ခေါ် သွားမာကျောမှု၊ အရောင်၊ တည်ဆောက်ပုံများပြောင်းလဲစေပြီး၊ သွားများမြန်မြန်ပျက်စီးစေခြင်း

dental fluorosis အပျော့စား (မြန်မာအရပ်ထဲမှာတော့ သွားပွင့်တယ်-ဆိုပြီးပြောကြပါတယ်။ ဒီလိုမျိုးသွားပြဿနာရှိတဲ့ ကျွန်တော်တွေ့ဖူးတဲ့သူတွေတော်တော်များများမြင်းခြံဘက်မှာကြီးတဲ့သူတွေဖြစ်နေပါတယ်။ မြန်မာပြည်မှာရေထဲကဖလိုရိုက်ဓာတ်စစ်ထားတဲ့စစ်တမ်းရှိမရှိမသေချာလို့ အတတ်တော့မပြောနိုင်ပါဘူး)


dental fluorosis အလတ်စား (သွားအရောင်ဝါကျင်)


dental fluorosis အဆိုးဆုံး (ကြွေလွှာများအလိုလိုပဲ့ထွက်ကျွေကျပါတယ်)

ဒီလိုအန္တရာယ်တွေကြောင့် ဖလိုရိုက်ဓာတ်ပါတဲ့ရေသန့်ဖြည့်စွက်သောက်မယ်ဆိုရင်တောင်၊ ကိုယ်နေတဲ့အရပ်က သဘာဝရေထဲမှာ ဖလိုရိုက်ဓာတ်ဘယ်လောက်ပါနေလဲ၊ အထူးသောက်ဖို့လိုမလို စိစစ်ရပါတယ်။ သဘာဝဖလိုရိုက်ဓာတ်ပါဝင်မှုများပြီး fluorosisဖြစ်တဲ့နေရာတွေကိုမြေပုံမှာပြထားပါတယ်။


နောက်တစ်ခုက ကလေးတွေကို ဖလိုရိုက်ဆေးပြားတိုက်ကျွေးတာမှာသတိထားဖို့ဖြစ်ပါတယ်။ သွားဆရာဝန်နဲ့မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ကလေးကိုဆေးမတိုက်ပါနဲ့။ ဆေးပမာဏက ကလေးအသက်ပေါ်မူတည်ပြီး ထိန်းညှိသွားရပါတယ်။
၆လကနေ ၂နှစ်ကြားကလေးတွေကို တနေ့ ၀.၂၅ mgထက်ပိုမတိုက်သင့်ပါဘူး။ ၂နှစ်အထက်ကိုတော့ ၀.၅ မီလီဂရမ်၊ ၅-၆နှစ်ကလေးတွေကို ၁မီလီဂရမ်တိုက်နိုင်တယ်လို့ညွန်ကြားထားပါတယ်။ (ဗဟုသုတအဖြစ်ပါ)
သုတေသနတခုအရ၊ အသက်၆နှစ်မတိုင်မီမှာ ဖလိုရိုက်ဆေးသောက်လာခဲ့ကြတဲ့ကလေးတွေ fluorosis ဖြစ်ဖို့အလားအလာများတယ်လို့ဆိုပါတယ်။ ဒါကြောင့်သွားဆရာဝန်များဟာလည်း ကလေးရဲ့သွားနဲ့ခံတွင်းသန့်ရှင်းမှုအခြေအနေ၊ သွားပိုးစားရောဂါဖြစ်နိုင်ခြေများ-နည်း၊ စတဲ့အချက်တွေပေါ်မူတည်ပြီး တကယ်လိုအပ်လွန်းမှသာ ကလေးကိုဖလိုရိုက်ဓာတ်တိုက်စေသင့်ပါတယ်။

ဖလိုရိုက်ဓာတ်ပါတဲ့သွားတိုက်ဆေးတွေသုံးတာနဲ့လည်း သွားပိုးစားရောဂါကိုထိထိရောက်ရောက်ကာကွယ်နိုင်တယ်ဆိုတာ အရင်ပို့စ်တွေမှာပြောခဲ့ပြီးပါပြီ။ သတိထားရမှာက အဲလိုထိရောက်မှုရှိအောင် သွားတိုက်ဆေးထဲမှာ ဖလိုရိုက်ဓာတ်အများကြီးထည့်ထားရပါတယ်။ ဒါကြောင့်မတော်တဆဖြစ်ဖြစ်၊ တမင်ဖြစ်ဖြစ်မျိုချမိရင် စောစောကပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့အန္တရာယ်ခံစားရမှာဖြစ်လို့ ကလေးတွေကို ဆေးထည့်ပေးရင် ပဲပြုတ်လုံးသေးသေးပမာဏဘဲထည့်ပေးဖို့ သွားတိုက်ဆေးကိုမမျိုချစေဖို့ သတိပေးဖို့ကို ထပ်ပြီးအကြံပြုလိုက်ပါတယ်။
(မMaemieရဲ့မေးခွန်းကိုဒီပို့စ်နဲ့ဖြေလိုက်ပါတယ်ခင်ဗျာ။ ကလေးသောက်နေရတဲ့ပမာဏနည်းနည်းများနေတယ်လို့ထင်ပါတယ်)

ကိုးကား-Fluoride supplements useful but increase the risk of mild fluorosis
Ismail AT, Bandekar RE. Fluoride supplements and fluorosis: a meta-analysis. Community Dent Oral Epidemiol 1999;
27: 48-56

ခံတွင်းလေးလည်းလှစေ၊ မွှေးစေချင်...



 ခံတွင်းလေးလည်းလှစေ၊ မွှေးစေချင်...

[lead-free-lipstick2-lg.jpg]
"လှပါတယ်မေရယ်..ကြည့်လို့မ၀တဲ့ကိုယ့်မျက်လုံးထဲမယ်..လှပါတယ်မေရယ်..လှပါတယ်မေလေးရယ်.."
ဒီသီချင်းလေးလူတိုင်းကြားဖူးမယ်ထင်ပါတယ်။ အလှတရားဟာလူတွေရဲ့စိတ်နှလုံးကိုစွဲဆောင်ပါတယ်။ လှလို့ချစ်တယ်၊ ချစ်လို့လှတယ်၊ ဘယ်လိုဘဲပြောပြော အမျိုးသမီးတွေအများစုကလည်းလှချင်တယ်။ အမျိုးသားများကလည်း၊ လှတာလည်းနှစ်သက်၊မိမိကိုယ်ကိုလည်း ကြည့်ပျော်ရှုပျော်ဖြစ်အောင်၊ အနည်းဆုံးတော့ ဆံပင်လောက်ကတော့ဖီးလိုက်ကြတာပါဘဲ။ အ၀တ်အစားသပ်သပ်ရပ်ရပ်ဝတ်တယ်၊ သန့်သန့်ပြန့်ပြန့်နေတယ်စသည်ဖြင့် နေ့စဉ်လိုဘဲ ဂရုစိုက်နေကြမှာပါ။ ဒီနေရာမှာ အင်္ဂလန်မှာလုပ်တဲ့စစ်တမ်းတစ်ခုအရ၊ အမျိုးသမီးတစ်ဦးဟာ၊ ဘ၀မှာ နာရီပေါင်း ၃၂၇၆ နာရီကို ဖီးလိမ်းအလှပြင်ရာမှာ အချိန်ပေးကြပါတယ်တဲ့။ ဒီလောက်အချိန်အတိုင်းအတာဟာ၊ အာကာသယာဉ်မှူးတွေ လဆီကိုအသွားအပြန် ၂၂ ခေါက်ခရီးဆန့်နိုင်တဲ့ပမာဏဖြစ်ပါတယ်တဲ့။ အမျိုးသားတွေကတော့ ၁၀၉၂ နာရီသုံးပါတယ်တဲ့။ (တော်တော်များသား..)
လူမှုဘ၀၀န်းကျင်မှာ၊ အပြင်ပန်းအပြင်အဆင်၊ အသွင်အပြင်ဟာ၊ လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေး - personality ကိုအကဲဖြတ်ရာမှာ၊ ပထမဆုံးကြည့်လေ့ရှိကြတဲ့အစိတ်အပိုင်းဖြစ်တာမို့၊ အရေးကြီးပါတယ်။

ဒါပေမယ့်အပြင်ပန်းလှနေတာနဲ့သူ့ရဲ့တကိုယ်ရည်သန့်ရှင်းမှု၊ ကျန်းမာရေးအသိအမြင်ရှိမှုနဲ့လက်တွေ့ကျင့်သုံးမှုရှိမရှိမသိနိုင်သေးပါဘူး။ (ကျွန်တော်တို့သွားဆရာ
ဝန်တွေကတော့ လူတွေ့ရင်သွားတွေကိုအရင်မျက်စိကရောက်တယ်။ စိတ်ထဲမှာအကဲဖြတ်ပြီးသားဖြစ်သွားတယ်။ သွားတွေကိုတချက်ကြည့်လိုက်တာနဲ့လူတစ်ယောက်ရဲ့တကိုယ်ရည်သန့်ရှင်းမှု၊ ကျန်းမာရေးအသိရှိမရှိ၊ ဓနဥစ္စာအင်အား၊ အစားအစာဓလေ့၊ ...စသည်ဖြင့်အများကြီးပါဘဲ...စကားချပ်)

တချို့အမျိုးသမီးတွေနှုတ်ခမ်းနီဆိုးထားတာ၊ ကိုက်စားချင်လောက်အောင်လှလွန်းလှပေမယ့်၊
သွားသေချာမတိုက်လို့ သွားတွေပေါ်မှာကပ်နေတဲ့ဘက်တီးရီးယားပိုးမွှားအလွှာ (dental plaque/biofilm)ကိုဆေးဆိုးကြည့်လိုက်ရင်ဒီလိုမြင်ရပါလိမ့်မယ်။ (plaque disclosing solution နဲ့ဆေးဆိုးမကြည့်ရင်သာမန်မျက်စိနဲ့မမြင်ရပါဘူး)
ပါးစပ်ထဲတချက်လေးငဲ့ကြည့်လိုက်ရင် ဒီလိုတွေလည်းတွေ့နိုင်ပါတယ်။
 

ရွှေဟင်္သာဆရာတော်ကြီး၏သြ၀ါဒ



ခေတ်မှီရမယ် ခေတ်မဆန်ပါစေနှင့်
ရဲရင့်ရမယ် မရဲတင်းပါစေနှင့်
လှပအောင်ဝတ်စားပြင်ဆင်ရယ် ယဉ်ကျေးမှုနဲ့မဆန်ကျင်ပါစေနှင့်
ခြိုးခြံချွေတာရမယ် ကပ်စေးမနဲပါစေနှင့်
သွက်လက်ဖြတ်လတ်ကမယ် ပြာလောင်မခတ်ပါစေနှင့်
တော်အောင်ကြိုးစာရမယ် မတရားနည်းနဲ့မပြိုင်မိပါစေနှင့်
ကောင်းတာတွေအတုယူရမယ် ထိခိုက်အောင်မဝေဖန်မိပါစေနှင့်
သည်းခံခွင့်လွတ်ရမယ် လူညံမဖြစ်ပါစေနှင့်
ကျွိုးနွံစွာနေတတ်ရမယ် အစေအပါးမဖြစ်ပါစေနှင့်
နေတတ်ထိုင်တတ်ရမယ် ဟန်မဆောင်မိပါစေနှင့်
မိသားစုကိုချစ်ရမယ် ပတ်ဝန်းကျင်ကိုလစ်လျူမရှုမိပါစေနှင့်
သတ္တိရှိရှိနေတတ်ရမယ် လူမိုက်မဖြစ်ပါစေနှင့်…..

Jul 18, 2012

3G နှင့် 4G ကြားကွာခြားချက်များ


  
စာဖတ်သူ အားလုံးပဲ့ မင်္ဂလာပါ။ ကျွန်တော်တို့ နေ့စဉ်တိုးတက်နေတဲ့ နည်းပညာတွေကို ကိုယ်တိုင် ကိုယ်ကျ မထွင်နိုင်သေးသလို သူများ ထွင်တဲ့ နည်းပညာတိုင်းကို သိဖို့ ကြိုးစားနေကြတာလည်း မမှီနိုင်သေးတာတော့ စိတ်မကောင်းစရာပါပဲ့ ဒီလိုပါပဲ့ ကျွန်တော်တို့  နည်းပညာ လက်လှမ်းမှီဖို့ တိုးတက်ဖို့ ဘယ်လို ကြိုးစားကြရဦးမယ်ဆိုတဲ့ အသိ လေးတွေကိုတော့ လူတိုင်းရင်ထဲ့စွဲထားစေချင်ပါတယ်ဆိုတာလေးနဲ့ အစပြုပါရစေ..
ကဲ့ ဒီနေ့တော့ ကျွန်တော်တို့ 3 G နဲ့ 4G ကို ကွာခြားချက်တွေကို ပြောပြပေးပါမယ်။ ကဲ့ ဘာတွေ ကွာလည်း မသွားခင်မှာ ဒီ 3G နဲ့ 4G က Phone တွေ Tablet တွက် Mobile internet ဆိုတာကို အရင် သိထားပေးရပါမယ်။ ဒီကနေစလို့ သူတို့ နှစ်ခု ရဲ့ မတူညီတဲ့ ကွဲပြားချက်လေးတွေကို ကျွန်တော် ဖော်ပြရေးသားချင်ပါသေးတယ်။ ဒါတွေကတော့ 

ပထမ အချက်...

3 G က 3rd generation ကို အစွဲပြုပြီး 3G လို ခေါ်တာ ဖြစ်သလို 4G ကလည်း 4rd generation ကို အစွဲပြုပြီး ခေါ်ဆိုတာ ဖြစ်ပါတယ်။ နောက်တခုက သူတို့ နှစ်ခုလုံးက mobile internet တွေ အတွက် တီထွင်လာခဲ့တာပါ။ ဒီနေရာမှာတော့ 4G က 3G ထက် သာသွားတဲ့ အချက်က 4 G မှာ 3G မှာ ရှိတဲ့ Feature တွေကိုရော နောက်ထပ် ပေါင်းထည့် Feature တွေရော ပါဝင်လာတာပါပဲ့ ။ 3G ကို ထပ်ပြီး Develop လုပ်ထားတယ်လို့ ဆိုလို့ ရပါတယ်။